124
ထာဝရဘုရား သည် ငါ တို့ဘက်မှာ ရှိ တော်မ မူလျှင်ဟူသောစကား နှင့် ချီ၍၊ ဣသရေလ အမျိုးဆိုရ သောစကား ဟူမူကား၊ ထာဝရဘုရား သည် ငါ တို့ဘက် မှာ ရှိ တော်မ မူလျှင်၊ လူ တို့သည် ငါ တို့ရန်ဘက် ၌ နေကြသောအခါ၊ အမျက် ထွက် ၍ ငါ တို့ကို အသက် နှင့်တကွ မျို ကြပြီတကား။ ထိုအခါ ငါ တို့ကို ရေ သည်၊ လွှမ်းမိုး ၍ စီး သော ရေသည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော် သွားပြီ တကား။ စော်ကား သော ရေ တို့သည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော်သွား ကြပြီတကား။ သူ တို့သွား နှင့် ကိုက် ခဲရာဘို့ ငါ တို့ကို အပ် တော် မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ ငှက် သည် မုဆိုး တို့၏ ကျော့ကွင်း ထဲက လွတ် သကဲ့သို့ ၊ ငါ တို့အသက် သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ် ၍ ငါ တို့သည် လွတ် ကြပြီ။ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ သောထာဝရဘုရား ၏ နာမ တော်အားဖြင့် ၊ ငါ တို့သည် မစ ခြင်းကျေးဇူးကိုခံရကြသတည်း။