19
သခင်ယေရှုနှင့်ဇက္ခဲ
1 သခင်ယေရှုသည်ယေရိခေါမြို့ကိုဖြတ်၍ ကြွတော်မူ၏။- 2 ထိုအရပ်တွင်ဇက္ခဲနာမည်ရှိသောအကောက်ခွန် မှူးတစ်ယောက်ရှိ၏။ သူသည်ချမ်းသာကြွယ်ဝသူ ဖြစ်၏။- 3 သခင်ယေရှုကားအဘယ်သူဖြစ်သည်ကိုတွေ့ မြင်လိုသဖြင့်ကြိုးစား၍ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သည့်အလျောက် လူပရိသတ် များကွယ်လျက်နေသဖြင့်ကိုယ်တော်ကိုမမြင် နိုင်။- 4 ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။- 5 ကိုယ်တော်သည်ထိုနေရာသို့ရောက်သောအခါ မော်၍ကြည့်တော်မူပြီးလျှင် ``ဇက္ခဲ၊ အမြန်ဆင်း ခဲ့လော့။ ယနေ့သင်၏အိမ်တွင်ငါတည်းခိုမည်'' ဟု မိန့်တော်မူ၏။
6 ဇက္ခဲသည်သစ်ပင်ပေါ်မှအမြန်ဆင်း၍ ကိုယ်တော်အားဝမ်းမြောက်စွာကြိုဆို၏။- 7 ဤအခြင်းအရာကိုမြင်သောအခါလူတို့ က ``ထိုသူသည်အပြစ်ကူးသူတစ်ယောက်၏ အိမ်တွင်တည်းခိုရန်သွားလေပြီတကား'' ဟု ညည်းညူကြ၏။
8 ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။
9 သခင်ယေရှုက ``ဤသူသည်လည်းအာဗြဟံ ၏သားမြေးဖြစ်သဖြင့်ကယ်တင်ခြင်းကျေးဇူး သည်ယနေ့ပင်ဤအိမ်ပေါ်သို့သက်ရောက်လေပြီ။- 10 လူသားသည်ပျောက်ဆုံးသူများကိုရှာရန် နှင့်ကယ်တင်ရန်ကြွလာသတည်း'' ဟုဇက္ခဲ အားမိန့်တော်မူ၏။✡ မ၊ ၁၈:၁၁။
ရွှေဒင်္ဂါးပုံဥပမာ
(မ၊ ၂၅:၁၄-၃၀)
11-12 ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ဘုရားသခင်၏နိုင်ငံ တော်ပေါ်ထွန်းတော့မည်ဟုထင်မှတ်ကြ သောကြောင့် အထက်တရားစကားများ ကိုကြားနာနေသူတို့အား ပုံဥပမာဆောင် ၍ ``မင်းညီမင်းသားတစ်ပါးသည်ရှင်ဘုရင် အရာကိုခံယူ၍ပြန်လာရန်တိုင်းတစ်ပါး သို့သွား၏။-✡ မ၊ ၂၅:၁၄-၃၀။ 13 ခရီးမပြုမီမိမိ၏အစေခံဆယ်ယောက်ကို ခေါ်ယူကာ `ငါပြန်လာသည်အထိကုန်သွယ် လျက်နေကြလော့' ဟုဆို၍ရွှေဒင်္ဂါးတစ်ပြား စီပေး၏။- 14 သို့ရာတွင်သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းကြသဖြင့် `ထိုသူ၏အအုပ်အချုပ် ကိုငါတို့မခံလို' ဟုစေတမန်များကိုသူ့ နောက်သို့လွှတ်၍လျှောက်ထားစေ၏။
15 ထိုသူကားဘုရင်အရာကိုခံယူ၍ပြန်လာ၏။ သူသည်ချက်ချင်းပင်မိမိရင်းနှီးငွေပေးခဲ့သည့် အစေခံများကို ကုန်သွယ်၍အဘယ်မျှလောက် အမြတ်ရသည်ကိုသိလိုသဖြင့်သူတို့အား ဆင့်ခေါ်၏။- 16 ပထမအစေခံသည်လာ၍`အရှင်၊ အရှင်ပေး ခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ဆယ်ပြား ရပါသည်' ဟုလျှောက်၏။- 17 မင်းကြီးက `ကောင်းလေစွ၊ သင်သည်အစေခံ ကောင်းတစ်ယောက်ဖြစ်ပေ၏။ သေးငယ်သောအမှု တွင်သစ္စာရှိသူဖြစ်သဖြင့် သင့်အားငါသည်မြို့ ကြီးဆယ်မြို့ကိုအပိုင်စားပေး၏' ဟုမိန့်တော် မူ၏။- 18 ဒုတိယအစေခံသည်လည်းလာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးတစ်ပြားဖြင့်အမြတ်ငါးပြား ရပါသည်' ဟုလျှောက်၏။- 19 မင်းကြီးက `သင့်အားလည်းမြို့ကြီးငါးမြို့ ကိုအပိုင်စားပေး၏' ဟုဆို၏။- 20 အခြားသောအစေခံသည်လာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးဤမှာရှိပါ၏။ ထိုငွေကို အကျွန်ုပ်သည်အဝတ်ဖြင့်ထုပ်၍သိမ်းဆည်း ထားပါ၏။- 21 အရှင်သည်ခက်ထန်သူဖြစ်သဖြင့်အရှင့် အားကျွန်ုပ်ကြောက်ရွံ့ပါ၏။ အရှင်သည်မိမိ မပိုင်သည့်အရာကိုသိမ်းယူတတ်ပါ၏။ မိမိ မစိုက်မပျိုးသည့်အသီးအနှံကိုရိတ်သိမ်း တတ်ပါ၏' ဟုလျှောက်၏။- 22 မင်းကြီးက `အချင်းအစေခံဆိုး၊ သင့်နှုတ်ထွက် စကားအတိုင်းသင့်ကိုငါစီရင်မည်။ ငါသည် ခက်ထန်သူဖြစ်၍မိမိမပိုင်သည့်အရာကို သိမ်းယူတတ်သည်ကိုလည်းကောင်း၊ မိမိမစိုက် မပျိုးသည့်အသီးအနှံကိုရိတ်သိမ်းတတ် သည်ကိုလည်းကောင်းသိပါလျက်နှင့်။- 23 ငါပေးသည့်ငွေကိုငါပြန်လာချိန်အတိုးနှင့် တကွပြန်လည်ပေးဆပ်နိုင်ရန်အဘယ်ကြောင့် ဘဏ်တွင်အပ်နှံ၍မထားသနည်း' ဟုမေး၏။- 24 အနီးတွင်ရပ်နေသူများအားမင်းကြီးက `ထို သူထံမှရွှေဒင်္ဂါးကိုယူ၍ရွှေဒင်္ဂါးဆယ်ပြား ရှိသူအားပေးကြလော့' ဟုမိန့်တော်မူလျှင်။- 25 လူတို့က `အရှင်ထိုသူထံတွင်ရွှေဒင်္ဂါးဆယ် ပြားရှိပြီးဖြစ်ပါ၏' ဟုလျှောက်ကြ၏။- 26 မင်းကြီးက `သင်တို့အားငါဆိုသည်ကား ကြွယ်ဝချမ်းသာသောသူအားထပ်၍ပေးဦး မည်။ ဆင်းရဲသောသူထံမှရှိသမျှကိုပင် သိမ်းယူမည်။-✡ မ၊ ၁၃:၁၂။ မာ၊ ၄:၂၅။ လု၊ ၈:၁၈။ 27 ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
အောင်ပွဲအခမ်းအနားနှင့် ယေရုရှလင်မြို့ကိုဝင်တော်မူခြင်း
(မ၊ ၂၁:၁-၁၁။ မာ၊ ၁၁:၁-၁၁။ ယော၊ ၁၂:၁၂-၁၉)
28 ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ယေရုရှလင်မြို့သို့တပည့်တော်တို့၏ရှေ့ ကကြွတော်မူ၏။- 29 သံလွင်နာမည်တွင်သောတောင်အနီးရှိဗက်ဖာ ဂေနှင့်ဗေသနိရွာများအနီးသို့ရောက်တော်မူ သောအခါ တပည့်တော်နှစ်ယောက်တို့အား``သင် တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။- 30 ရွာကိုဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဘူးသေး သောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့်မည်။ ထိုမြည်းကိုကြိုးဖြင့်လှန်ထား၏။ ကြိုးဖြေ၍ မြည်းကိုယူခဲ့လော့။- 31 အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်မြည်းကိုဖြေသနည်း' ဟု မေးလျှင် `ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်' ဟုဖြေကြလော့'' ဟုမှာကြားစေလွှတ်တော်မူ၏။
32 စေလွှတ်ခြင်းခံရသူတို့သည်လည်းသွားကြ သောအခါ ကိုယ်တော်မိန့်ကြားတော်မူသည့် အတိုင်းအရာခပ်သိမ်းကိုတွေ့မြင်ကြ၏။ - 33 သူတို့သည်မြည်းကြိုးကိုဖြေနေစဉ်မြည်းရှင် က ``သင်တို့အဘယ်ကြောင့်မြည်းကြိုးကိုဖြေ သနည်း'' ဟုမေး၏။
34 သူတို့က ``ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်'' ဟုဖြေကြား၏။- 35 ထိုနောက်မြည်းကိုသခင်ယေရှုထံတော်သို့ ဆောင်ခဲ့ကြ၏။ မြည်း၏ကျောပေါ်မှာမိမိတို့ ၏အဝတ်များကိုလွှမ်းတင်ကာ သခင်ယေရှု အားထိုမြည်းကိုစီးစေကြ၏။- 36 ကိုယ်တော်မြည်းစီး၍ကြွတော်မူစဉ်လူတို့ သည် မိမိတို့၏အဝတ်များကိုလမ်းပေါ်မှာ ဖြန့်ခင်းကြ၏။
37 ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။- 38 ထိုသူတို့က ``ထာဝရဘုရား၏နာမတော်နှင့် ကြွလာသောဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်းရှိ စေသတည်း။ ဘုရားသခင်သည်ဘုန်းကြီးတော်မူ စေသတည်း'' ဟုကြွေးကြော်ကြ၏။✡ ဆာ၊ ၁၁၈:၂၆။
39 ထိုအခါလူပရိသတ်အထဲမှဖာရိရှဲအချို့ တို့က ``ဆရာတော်၊ ကိုယ်တော်၏တပည့်တော် များအားတိတ်ဆိတ်စေရန်ဆုံးမတော်မူပါ'' ဟု ကိုယ်တော်အားလျှောက်ထားကြ၏။
40 ကိုယ်တော်က ``သင်တို့အားငါဆိုသည်ကား ဤသူတို့တိတ်ဆိတ်စွာနေကြလျှင်ကျောက် ခဲများကကြွေးကြော်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
ယေရုရှလင်မြို့အတွက်ငိုကြွေးတော်မူခြင်း
41 ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ရောက် ၍ ထိုမြို့ကိုမြင်တော်မူလျှင်ငိုကြွေးတော်မူ၏။- 42 ကိုယ်တော်က ``အချင်းမြို့၊ သင်သည်ငြိမ်းချမ်း သာယာမှုကိုရစေသည့်လမ်းကိုယနေ့သိ မြင်လျှင်မင်္ဂလာရှိ၏။ သို့ရာတွင်ထိုလမ်းကို သင်သည်မသိမမြင်နိုင်။- 43 ရန်သူများသည်သင့်အားရင်တားဖြင့်ကာဆီး လျက် အဘက်ဘက်မှဝိုင်းရံပိတ်ဆို့နေသည့် အချိန်ကာလကျရောက်လာလိမ့်မည်။- 44 သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။
ဗိမာန်တော်သို့ကြွတော်မူခြင်း
(မ၊ ၂၁:၁၂-၁၇။ မာ၊ ၁၁:၁၅-၁၉။ ယော၊ ၂:၁၃-၂၂။)
45-46 ထိုနောက်သခင်ယေရှုသည်ဗိမာန်တော်သို့ ဝင်တော်မူ၏။ ကိုယ်တော်က `ငါ၏အိမ်တော်ကို ဆုတောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ် လတ္တံ့' ဟုကျမ်းစာလာသည်မဟုတ်လော။ သို့ ရာတွင်သင်တို့သည်အိမ်တော်ကိုဋ္ဌားပြခို အောင်းရာဖြစ်စေကြပြီ'' ဟုဆို၍ဗိမာန် တော်အတွင်းမှာရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။✡ ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။
47 ကိုယ်တော်သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ် ကြီးများကျမ်းတတ်ဆရာများနှင့်ယုဒ အမျိုးသားခေါင်းဆောင်များသည် ကိုယ်တော် ကိုသတ်ရန်အခွင့်ရှာလျက်နေကြ၏။-✡ လု၊ ၂၁:၃၇။ 48 သို့ရာတွင်လူအပေါင်းတို့ကကိုယ်တော်၏ တရားစကားများကိုအထူးအာရုံစိုက်၍ နာယူနေကြသောကြောင့်ကိုယ်တော်အား အဘယ်နည်းဖြင့်သတ်ရမည်ကိုမသိကြ။