23
ထာဝရဘုရား၏လူစုစာရင်းမှထုတ်ပယ်ခြင်း
1 ``သင်းကွပ်ထားသောယောကျာ်း သို့မဟုတ် ယောကျာ်းတန်ဆာပြတ်နေသူအား ထာဝရ ဘုရား၏လူမျိုးတော်စာရင်းတွင်မပါ ဝင်စေရ။
2 ``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
3 ``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-✡ နေ၊ ၁၃:၁-၂။ 4 သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-✡ တော၊ ၂၂:၁-၆။ 5 သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-✡ တော၊ ၂၃:၇-၂၄:၉။ 6 သင်တို့၏နိုင်ငံတည်တံ့သမျှကာလပတ် လုံး ထိုလူမျိုးတို့၏အကျိုးကိုမရှာကြ နှင့်။
7 ``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။- 8 ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
တပ်စခန်းကိုသန့်ရှင်းစေခြင်း
9 ``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။- 10 တစ်စုံတစ်ယောက်သည်ညအချိန်၌သုက် လွှတ်မိလျှင် သူသည်စခန်းအပြင်သို့ထွက် ၍နေရမည်။- 11 ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။
12 ``ကျင်ကြီးစွန့်ရာနေရာကိုတပ်စခန်း အပြင်၌ထားရှိရမည်။- 13 သင်တို့သည်တပ်ပြင်သို့ထွက်၍ကျင်ကြီးစွန့် သောအခါ သင့်ထံတွင်သစ်သားတူရွင်းကို အသင့်ဆောင်ထား၍ ထိုတူရွင်းဖြင့်တွင်းတူး ၍ကျင်ကြီးကိုပြန်ဖုံးလော့။- 14 သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။
အထွေထွေပညတ်များ
15 ``သခင်ထံမှထွက်ပြေး၍သင့်ထံသို့ခိုလှုံရန် ရောက်ရှိလာသောကျွန်ကို သူ၏သခင်ထံသို့ ပြန်မပို့နှင့်။- 16 ထိုကျွန်သည်သင်တို့၏မြို့များအနက် သူနေ ထိုင်လိုသည့်မြို့၌နေခွင့်ပြုရမည်။ သင်သည် သူ့ကိုမညှင်းဆဲမနှိပ်စက်ရ။
17 ``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-✡ ဝတ်၊ ၁၉:၂၉ 18 ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
19 ``သင်သည်ဣသရေလအမျိုးသားချင်း တစ်ဦးအား ငွေ၊ စားစရာသို့မဟုတ်ပစ္စည်း တစ်ခုခုကိုချေးငှားသောအခါအတိုး မယူရ။-✡ ထွ၊ ၂၂:၂၅။ ဝတ်၊ ၂၅:၃၆-၃၇။ တရား၊ ၁၅:၇-၁၁။ 20 လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။
21 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-✡ တော၊ ၃၀:၁-၁၆။ မ၊ ၅:၃၃။ 22 ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။
23 သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
24 ``သင်တို့သည်ဣသရေလအမျိုးသားချင်း တစ်ဦး၏စပျစ်ဥယျာဉ်ထဲရှိ လမ်းအတိုင်း ဖြတ်သန်းသွားသည့်အခါ စပျစ်သီးများကို လိုသလောက်ဆွတ်ခူးစားနိုင်သော်လည်း အပိုမယူသွားရ။- 25 သင်တို့သည်အမျိုးသားချင်းတစ်ဦး၏လယ် ကန်သင်းအတိုင်းဖြတ်သန်းသွားအခါ လက် နှင့်ဆွတ်၍ရသမျှသောစပါးနှံများကိုစား နိုင်သည်။ သို့ရာတွင်စပါးနှံများကိုတံစဉ် ဖြင့်မရိတ်ရ။