16
ဧဖရိမ်နှင့်အနောက်မနာရှေအနွယ်တို့အား နယ်မြေခွဲဝေပေးခြင်း
1 ယောသပ်အဆက်အနွယ်တို့အားခွဲဝေပေး သောနယ်မြေ၏တောင်ဘက်နယ်နိမိတ်သည် ယေရိခေါမြို့အနီးယေရိခေါစမ်းရေတွင်း၊ အရှေ့ယော်ဒန်မြစ်မှအစပြု၍တောကန္တာရ ကိုဖြတ်လျက်တောင်ကုန်းဒေသရှိဗေသလ မြို့သို့ရောက်၏။- 2 တစ်ဖန်ဗေသလမြို့မှလုဇမြို့သို့လည်း ကောင်း၊ ထိုမှတစ်ဆင့်အာခိအမျိုးသား များနေထိုင်ရာအတရုတ်အန္ဒာမြို့သို့ လည်းကောင်းရောက်သည်။- 3 တစ်ဖန်အနောက်ဘက်ယာဖလေတိအမျိုး သားတို့နေထိုင်ရာအောက်ဗက်ဟောရုန်ဒေသ သို့ရောက်သည်။ ထိုမှတစ်ဖန်ဂေဇာမြို့ကိုဖြတ် ပြီးလျှင်မြေထဲပင်လယ်တွင်အဆုံးသတ် လေသည်။
4 ယောသပ်၏အဆက်အနွယ်များဖြစ်ကြ သောဧဖရိမ်အနွယ်နှင့် အနောက်မနာရှေ အနွယ်တို့သည်ဖော်ပြပါနယ်မြေကို အပိုင်ရရှိကြလေသည်။
ဧဖရိမ်
5 ဧဖရိမ်အနွယ်မိသားစုတို့အတွက်ခွဲဝေ ပေးသော နယ်မြေ၏နယ်နိမိတ်မှာအောက်ပါ အတိုင်းဖြစ်သည်။ အရှေ့ဘက်နယ်နိမိတ်သည် အတရုတ်အဒ္ဒါမြို့မှအစပြု၍ အရှေ့ဘက် ရှိအထက်ဗက်ဟောရုန်မြို့ကိုဖြတ်၍၊- 6 မြေထဲပင်လယ်သို့ရောက်သည်။ မြောက်ဘက် တွင်မိတ်မေသမြို့တည်ရှိသည်။ ထိုဒေသ အရှေ့ဘက်မှနယ်နိမိတ်သည်တာနတ်ရှိ လောမြို့သို့ကွေ့ဝင်ပြီးလျှင်မြို့အရှေ့မှ ဖြတ်၍ယနောဟမြို့သို့ရောက်သည်။- 7 ထိုနောက်ယနောဟမြို့မှအတရုတ်မြို့ နှင့်နာရတ်မြို့များဘက်သို့ဆင်းလာပြီး နောက် ယေရိခေါမြို့သို့ရောက်၍ယော်ဒန် မြစ်တွင်အဆုံးသတ်သည်။- 8 တစ်ဖန်နယ်နိမိတ်သည်တာပွာမြို့မှအနောက် ဘက်ကာနချောင်းသို့ရောက်၍ မြေထဲပင်လယ် တွင်အဆုံးသတ်သည်။ ဤနယ်မြေကိုဧဖရိမ် အနွယ်မိသားစုများကအပိုင်ရရှိကြ သည်။- 9 ထို့အပြင်မနာရှေပိုင်နယ်မြေထဲမှမြို့ ရွာအချို့တို့ကိုလည်းအပိုင်ရရှိကြ သည်။- 10 သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။✡ သူကြီး၊ ၁:၂၉။