31
ခေါင်းဆောင်အဖြစ်ယောရှုဆက်ခံခြင်း
1 မောရှေသည်ဣသရေလအမျိုးသားတို့အား ဆက်လက်ပြောကြားသည်မှာ၊- 2 ``ယခုငါသည်အသက်တစ်ရာ့နှစ်ဆယ်ရှိ ပြီဖြစ်၍ သင်တို့အားဆက်လက်ခေါင်းဆောင်နိုင် တော့မည်မဟုတ်။ ထို့အပြင်ငါသည်ယော်ဒန် မြစ်တစ်ဖက်သို့မကူးရဟုထာဝရဘုရား က ငါ့အားမိန့်ကြားတော်မူပြီ။-✡ တော၊ ၂၀:၁၂။ 3 သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုရှေ့ဆောင်၍ထိုပြည်တွင်နေထိုင် သောလူမျိုးတို့ကိုသုတ်သင်ပယ်ရှင်းသဖြင့် သင်တို့သည်သူတို့၏ပြည်ကိုသိမ်းယူနိုင် ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းယောရှုသည်သင်တို့ကိုခေါင်းဆောင် လိမ့်မည်။- 4 ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-✡ တော၊ ၂၁:၂၁-၃၅။ 5 ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။- 6 အားမာန်တင်း၍ရဲရင့်ခြင်းရှိကြလော့။ ထို လူမျိုးတို့ကိုမကြောက်ရွံ့ကြနှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုယ်တော် တိုင် သင်တို့နှင့်အတူရှိတော်မူမည်။ သင်တို့ ကိုမုချကူမတော်မူမည်။ စွန့်ပစ်ထား တော်မူမည်မဟုတ်'' ဟူ၍ဖြစ်၏။
7 ထို့နောက်မောရှေသည်ယောရှုကိုဆင့်ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ တွင်သူ့အား``သင်သည်အားမာန်တင်း၍ရဲရင့် ခြင်းရှိလော့။ ထာဝရဘုရားသည် သင်တို့ ၏ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်ကို တိုက်ခိုက်သိမ်းယူရန်သင်သည်ဤ သူတို့ကိုဦးဆောင်ရမည်။- 8 ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။✡ ယောရှု၊ ၁:၅။ ဟေဗြဲ၊ ၁၃:၅။
ပညတ်တရားတော်ကိုခုနစ်နှစ်တစ်ကြိမ် ဖတ်ပြရန်
9 သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။- 10 ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-✡ တရား၊ ၁၅:၁၂၊ ၁၆:၁၃-၁၅။ 11 ဣသရေလအမျိုးသားတို့သည် တစ်ခုတည်း သောကိုးကွယ်ရာဌာနသို့ရောက်ရှိလာကြ သောအခါ ဤပညတ်တရားတော်ကိုဖတ်ပြ ရမည်။- 12 ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။- 13 ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
မောရှေအားနောက်ဆုံးညွှန်ကြားချက်
14 ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊- 15 ထာဝရဘုရားသည်တဲတော်တံခါးဝတွင် မိုးတိမ်တိုင်အားဖြင့်ထင်ရှားတော်မူ၏။
16 ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။- 17 ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။- 18 သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။- 19 သင်သည်ယခုဤသီချင်းကိုရေးသားလော့။ ယင်းသီချင်းသည်ဣသရေလအမျိုးသား တို့တစ်ဘက်၌ ငါ၏သက်သေဖြစ်စေခြင်း ငှာထိုသီချင်းကိုသူတို့အားသင်ပေး လော့။- 20 ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊- 21 ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။
22 ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
23 ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။✡ တော၊ ၂၇:၂၃။ ယောရှု၊ ၁:၆။
24 မောရှေသည် ဘုရားသခင်၏ပညတ်တရား တော်ကိုအကုန်အစင်ရေးသားထား၏။- 25 ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊- 26 ``ဘုရားသခင်၏ပညတ်တရားတော်ကျမ်း စာအုပ်ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာအနီး တွင်ထားလော့။ ထိုကျမ်းစာအုပ်သည်ကိုယ် တော်၏လူမျိုးတော်တစ်ဘက်၌သက်သေ အဖြစ် ထိုနေရာ၌ရှိနေစေရမည်။- 27 သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။- 28 ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။- 29 ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
မောရှေ၏သီချင်း
30 ထို့နောက်မောရှေသည်သီချင်းတစ်ပုဒ်လုံးကို ဣသရေလအမျိုးသားအပေါင်းတို့အား ရွတ်ပြလေသတည်း။