အာမုတ်အနာဂတ္တိကျမ်း
နိဒါန်း
အာမုတ်သည်သမ္မာကျမ်းစာထဲ၌မိမိ၏ ဟောပြောချက်ကို အကျယ်တဝင့်ပထမ ဦးဆုံးမှတ်တမ်းတင်ခံရသောပရောဖက် ဖြစ်သည်။ သူသည်ယုဒနိုင်ငံ၏မြို့တစ် မြို့မှလာသူဖြစ်သော်လည်းရှစ်ရာစုနှစ် အလယ်ပိုင်းလောက်တွင်ဣသရေလနိုင်ငံ ၏မြောက်ပိုင်းနိုင်ငံ၌ဟောပြောခဲ့ပေသည်။ ဤအချိန်သည်လွန်စွာစီးပွားရေးတိုးတက် နေသောအချိန်၊ ထူးခြားစွာဘာသာရေး ကိုင်းရှိုင်းနေချိန်၊ သိသာထင်ရှားစွာဘေး အန္တရာယ်လုံခြုံစိတ်ချနေရချိန်ကာလ ဖြစ်သည်။ သို့ရာတွင်အာမုတ်က၊ စီးပွား ရေးတိုးတက်မှုသည်ချမ်းသာကြွယ်ဝသူ များအတွက်သာဖြစ်၍၊ မတရားမှုနှင့် ဆင်းရဲသားတို့အားဖိနှိပ်ချုပ်ချယ်မှု အားဖြင့်ကြီးပွားနေသည်ဟူ၍လည်း ကောင်း၊ ဘာသာရေးဆိုင်ရာလိုက်နာစောင့် ထိန်းမှုများသည်လည်းရိုးသားမှုမရှိ ကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်လုံ ခြုံစိတ်ချမှုသည်လည်းအစစ်အမှန် မဟုတ် အပေါ်ယံမျှသာဖြစ်ကြောင်း ကိုလည်းကောင်းသိမြင်လေသည်။ ဘုရားသခင်သည်ထိုနိုင်ငံကိုပြစ်ဒဏ်ခတ်မည် ဖြစ်ကြောင်းကို သူသည်စိတ်အားထက်သန် စွာရဲဝံ့စွာဟောပြောခဲ့သည်။ သူက တရားမျှတမှုကို``စမ်းရေကဲ့သို့စီးဆင်း စေရန်'' တောင်းဆို၍ ``ထာဝရဘုရားသည် ဤလူမျိုးအနက်အသက်ရှင်လျက် ကျန် ရစ်သူအချို့ကိုသနားကောင်းသနား တော်မူလိမ့်မည်'' ၅:၁၅ ဟုပြောဆိုခဲ့သည်။
အကြောင်းအရာအကျဉ်းချုပ်
ဣသရေလအိမ်နီးချင်းနိုင်ငံများအပေါ် တရားစီရင်မှု ၁:၁-၂:၅
ဣသရေလနိုင်ငံအားတရားစီရင်မှု ၂:၆-၆:၁၄
မြင်ကွင်းငါးခု ၇:၁-၉:၁၅
1
1 ဤသည်မှာတေကောရွာမှ သိုးထိန်းအာမုတ် ဟောသောစကားများဖြစ်သည်။ ယုဒဘုရင် သြဇိမင်းလက်ထက်၊ ဣသရေလနိုင်ငံတွင် ဘုရင်ယောရှ၏သားယေရောဗောင်မင်းအုပ် စိုးစဉ်ကာလ၊ မြေငလျင်မလှုပ်မီနှစ်နှစ် အထက်ကထာဝရဘုရားသည် အာမုတ် အားဣသရေလတို့နှင့်ပတ်သက်သော ဤ အကြောင်းအရာတို့ကိုဖော်ပြဖွင့်ဆို တော်မူခဲ့သည်။✡ ၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၄:၂၃-၂၉။
2 အာမုတ်က၊
``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။
ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။
သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍
ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''✡ ယောလ၊ ၃:၁၆။
ဣသရေလတို့၏အိမ်နီးချင်းနိုင်ငံများအပေါ် ထာဝရဘုရားသခင်၏စီရင်တော်မူချက်များ
ရှုရိလူမျိုးအပေါ်စီရင်ချက်
3 ထာဝရဘုရားက``ဒမာသက်မြို့သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရတော့ မည်။ သူတို့သည်ဂိလဒ်ပြည်သူတို့အပေါ် ရိုင်းစိုင်းရက်စက်ကြမ်းကြုတ်ခဲ့လေပြီ။-✡ ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။ 4 ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။- 5 ငါသည်ဒမာသက်မြို့တံခါးများကိုချေ မှုန်း၍ အာဝင်ချိုင့်နှင့်ဗေသေဒင်မြို့တွင်ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ရှုရိပြည်သား တို့သည်ကိရပြည်သို့သုံ့ပန်းအဖြစ်နှင့် လိုက်ပါသွားရမည်'' ဟုမိန့်တော်မူ၏။
ဖိလိတ္တိလူမျိုးအပေါ်စီရင်ချက်
6 ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။- 7 သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။- 8 အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။✡ ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။
တုရုလူမျိုးအပေါ်စီရင်ချက်
9 ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။-✡ ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၁၉။ ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 10 ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
ဧဒုံလူမျိုးအပေါ်စီရင်ချက်
11 ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-✡ ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။ 12 ထို့ကြောင့်ငါသည်တေမန်မြို့ပေါ်သို့မီးမိုး ရွာစေပြီး ဗောဇရရဲတိုက်များကိုပြာချ လိုက်မည်'' ဟုမိန့်တော်မူ၏။
အမ္မုန်လူမျိုးအပေါ်စီရင်ချက်
13 ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-✡ ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။ 14 ထို့ကြောင့်ငါသည်ရဗ္ဗာမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး ရဗ္ဗာရဲတိုက်များကို ပြာချလိုက်မည်။ စစ်တိုက်သောနေ့၌အော် သံဟစ်သံတညံညံကြားရပြီး တိုက်ပွဲ သည်မုန်တိုင်းတမျှပြင်းထန်လိမ့်မည်။- 15 သူတို့ဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ပြည်ပသို့ဖမ်းသွားခြင်းခံရမည်'' ဟု မိန့်တော်မူ၏။
✡1:1 ၄ရာ၊ ၁၅:၁-၇။ ၆ရာ၊ ၂၆:၁-၂၃။ ၄ရာ၊ ၁၄:၂၃-၂၉။
✡1:2 ယောလ၊ ၃:၁၆။
✡1:3 ဟေရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။
✡1:8 ဟေရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။
✡1:9 ဟေရှာ၊ ၂၃:၁-၁၈။ ယေဇ၊ ၂၆:၁-၂၈:၁၉။ ယောလ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။
✡1:11 ဟေရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာလ၊ ၁:၂-၅။
✡1:13 ယေ၊ ၄၉:၁-၆။ ယေဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။