ဗျာဒိတ်ကျမ်း
နိဒါန်း
သခင်ယေရှုခရစ်ကိုယုံကြည်ကိုးကွယ်မှု ကြောင့် ခရစ်ယာန်တို့ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရချိန်၌ ဗျာဒိတ်ရူပါရုံကိုယောဟန် မြင်ရ၍ဗျာဒိတ်ကျမ်းကိုရေးသားခြင်းဖြစ် ပေသည်။ ကျမ်းပြုသူ၏အဋ္ဌိကရည်ရွယ်ချက်မှာ ဤကျမ်းကိုဖတ်ရှုရသူတို့သည်မျှော်လင့် ချက်ရှိပြီးစိတ်အားတက်စေရန်နှင့်ဆင်းရဲ ဒုက္ခရောက်ချိန်၊ ညှဉ်းပန်းနှိပ်စက်ခြင်းခံရ ချိန်တို့၌ သူတို့၏ယုံကြည်ခြင်းခိုင်မာ စေရန်ဖြစ်ပေသည်။
ဤကျမ်းတွင်ထိုခေတ်ထိုအခါကခရစ်ယာန် များမှလွဲ၍အခြားသူအပေါင်းတို့နားလည် နိုင်ရန် ခက်ခဲသည့်အမှတ်လက္ခဏာများဖြင့် ဖော်ပြထားသောဗျာဒိတ်ရူပါရုံအများ အပြားပါရှိ၏။ ဤကျမ်း၏အဋ္ဌိကအကြောင်း အရာကိုဗျာဒိတ်ရူပါရုံအမျိုးမျိုးဖြင့် အဖန် ဖန်အထပ်ထပ်တင်ပြထားလေသည်။ ယနေ့ ခေတ်တွင်ဤကျမ်းကိုအသေးစိတ်အနက် အဋ္ဌိပ္ပါယ်ဖွင့်ဆိုရာတွင် သဘောကွဲလွဲမှု များရှိသည်။ သို့ရာတွင်ဤကျမ်း၏အဋ္ဌိ ကအကြောင်းအရာသည်ကား ရှင်းလင်း ပြတ်သားလျက်ရှိပေသည်။ ယင်းအဋ္ဌိက အကြောင်းအရာမှာထာဝရဘုရားသည် သခင်ယေရှုခရစ်တော်အားဖြင့် စာတန် အပါအဝင်ရန်သူအပေါင်းတို့အားနောက် ဆုံးသောကာလ၌ အပြီးအပြတ်နှိမ်နင်း အောင်မြင်တော်မူပြီးနောက်သစ္စာစောင့်သော ကိုယ်တော်၏လူစုတော်အားမိုးကောင်းကင် သစ်၊ ကမ္ဘာမြေကြီးသစ်နှင့်ယှဉ်သောသုခ ချမ်းသာကိုခံစားစေတော်မူမည်ဖြစ် ကြောင်းတည်း။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၈*
ပဏာမဗျာဒိတ်ရူပါရုံ၊ အသင်းတော် (၇) ပါးသို့ပေးပို့ သည့်စာများ ၁:၉-၃:၂၂*
ချိပ်တံဆိပ်ခုနစ်ခုပါသည့်စာစောင် ၄:၁-၈:၁*
တံပိုးခရာခုနစ်ခု ၈:၂-၁၁:၁၉*
မြွေနဂါးနှင့်သားရဲနှစ်ကောင် ၁၂:၁-၁၃:၁၈*
ဗျာဒိတ်ရူပါရုံအမျိုးမျိုး ၁၄:၁-၁၅:၈*
ထာဝရဘုရား၏အမျက်တော်ပါရှိသည့် ဖလားခုနစ်လုံး ၁၆:၁-၂၁*
ဗာဗုလုန်မြို့ပျက်စီးခြင်း၊ သားရဲ၊ မိစ္ဆာပရောဖက်နှင့်
စာတန်တို့အရေးရှုံးနိမ့်ကြခြင်း ၁၇:၁-၂၀:၁၀*
နောက်ဆုံးတရားစီရင်တော်မူခြင်း ၂၀:၁၁-၁၅*
ကောင်းကင်သစ်၊ မြေကြီးသစ်၊ ယေရုရှလင်မြို့သစ် ၂၁:၁-၂၂:၅*
နိဂုံး ၂၂:၆-၂၁ *
1
1 ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။- 2 ယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ် တော်နှင့် ယေရှုခရစ်ဖော်ပြတော်မူသည့် သမ္မာတရားကို မိမိတွေ့မြင်ကြားသိရသည် အတိုင်းဤစာစောင်တွင်ရေးသားထားပေ သည်။- 3 ဖော်ပြပါအမှုအရာများဖြစ်ပျက်မည့် အချိန်နီးကပ်လျက်ရှိပြီဖြစ်ရာ ဤဗျာဒိတ် ကျမ်းကိုဖတ်ရှုသူများနှင့်အဆိုပါအနာ ဂတ်ကျမ်းတွင် ရေးသားပါရှိသည့်တရား စကားများကိုနာယူကျင့်သုံးသူတို့သည် မင်္ဂလာရှိကြ၏။
အသင်းတော်ခုနစ်ပါးသို့နှုတ်ခွန်းဆက်သခြင်း
4 ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-✡ ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။ 5 သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။
ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-✡ ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။ 6 မိမိ၏ခမည်းတော်ဘုရားသခင်၏အမှုတော် ကိုဆောင်ရွက်နိုင်စေရန် ငါတို့အားရှင်ဘုရင် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုလည်းကောင်းပေးအပ်တော်မူသောယေရှု ခရစ်သည်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ တန်ခိုးအာနုဘော်တော်ရှိတော်မူပါစေ သတည်း။ အာမင်။✡ ထွ၊ ၁၉:၆။ ဗျာ၊ ၅:၁၀။
7 ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။✡ ဒံ၊ ၇:၁၃။ မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။
8 ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိနေ တော်မူသောအနန္တတန်ခိုးရှင်ထာဝရအရှင် ဘုရားသခင်က``ငါသည်အစနှင့်အဆုံး ဖြစ်၏'' ဟုမိန့်တော်မူ၏။✡ ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
ခရစ်တော်အားရူပါရုံမြင်ခြင်း
9 ငါကားနိုင်ငံတော်သားများခံရသည့်ဆင်း ရဲဒုက္ခကို သင်တို့နှင့်အတူသည်းခံနေရသူ၊ သင်တို့၏အစ်ကိုယောဟန်ဖြစ်၏။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်သခင် ယေရှုဖော်ပြသက်သေခံသည့်သမ္မာတရား ကိုဟောပြောကြေညာသည့်အတွက်ပတ်မု ကျွန်းသို့အပို့ခံရ၏။- 10 သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။- 11 ထိုအသံက``သင်မြင်ရသည့်အရာကိုစာ စောင်တွင်ရေးသား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလ ဒေဖိမြို့၊ လောဒိကိမြို့များရှိအသင်းတော် ခုနစ်ပါးသို့ပေးပို့လော့'' ဟုဆို၏။
12 ထိုသို့ငါ့အားပြောနေသောအသံသည်မည် သူ၏အသံဖြစ်ပါသနည်းဟု လှည့်၍ကြည့် လိုက်သောအခါ ငါသည်မီးခွက်ခုနစ်လုံး ကိုလည်းကောင်း၊- 13 ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။-✡ ဒံ၊ ၇:၁၃၊ ၁၀:၅။ 14 သူ၏ဆံပင်သည်မိုးပွင့်ကဲ့သို့လည်းကောင်း၊ သိုးမွေးကဲ့သို့လည်းကောင်းဖြူ၏။ သူ၏မျက် လုံးများသည်လည်းမီးလျှံကဲ့သို့တောက်ပ လျက်နေ၏။-✡ ဒံ၊ ၇:၉၊ ၁၀:၆။ 15 သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။-✡ ယေဇ၊ ၁:၂၄၊ ၄၃:၂။ 16 သူသည်လက်ယာလက်ဖြင့်ကြယ်ခုနစ်လုံး ကိုကိုင်၍ထား၏။ သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် လည်းမွန်းတည့်နေကဲ့သို့တောက်ပ၏။- 17 ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-✡ ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။ 18 ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။- 19 သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။- 20 ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
✡1:4 ထွ၊ ၃:၁၄။ ဗျာ၊ ၄:၅။
✡1:5 ဟေရှာ၊ ၅၅:၄။ ဆာ၊ ၈၉:၂၇။
✡1:6 ထွ၊ ၁၉:၆။ ဗျာ၊ ၅:၁၀။
✡1:7 ဒံ၊ ၇:၁၃။ မ၊ ၂၄:၃၀။ မာ၊ ၁၃:၂၆။ လု၊ ၂၁:၂၇။ ၁သက်၊ ၄:၁၇။ ဇာ၊ ၁၂:၁၀။ ယော၊ ၁၉:၃၄၊၃၇။
✡1:8 ဗျာ၊ ၂၂:၁၃။ ထွ၊ ၃:၁၄။
✡1:13 ဒံ၊ ၇:၁၃၊ ၁၀:၅။
✡1:14 ဒံ၊ ၇:၉၊ ၁၀:၆။
✡1:15 ယေဇ၊ ၁:၂၄၊ ၄၃:၂။
✡1:17 ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၂:၈၊ ၂၂:၁၃။