ဟောရှေအနာဂတ္တိကျမ်း
နိဒါန်း
ပရောဖက်ဟောရှေသည်ပရောဖက်အာမုတ် နောက် ဣသရေလနိုင်ငံမြောက်ပိုင်းတွင်ဟော ပြောသောပရောဖက်ဖြစ်သည်။ ထိုခေတ်ကာလ သည်ဘီစီ ၇၂၁ ခုနှစ်တွင်ရှမာရိပြည်မကျ ဆုံးမီတိုင်းပြည်မငြိမ်မသက်ဖြစ်နေသော အချိန်ဖြစ်သည်။ သူသည်ဣသရေလအမျိုး သားတို့ရုပ်တုဆင်းတုများကိုကိုးကွယ် ၍ ဘုရားသခင်အပေါ်သစ္စာမရှိခြင်းကို အဋ္ဌိကအားဖြင့်သတိပေးနှိုးဆော်လေ သည်။ ဟောရှေသည်ထိုကဲ့သို့ဣသရေလ အမျိုးသားများသစ္စာဖောက်ဖျက်ခြင်းကို၊ သစ္စာမဲ့သောမိန်းမနှင့်ပေါင်းသင်းရသဖြင့် မိမိ၏အိမ်ထောင်ရေးပျက်စီးရခြင်းနှင့် ပုံပမာဆောင်၍ရဲဝံ့စွာထုတ်ဖော်လေသည်။ သူ၏ဇနီးဂေါမာသည်သူ့အားသစ္စာမဲ့ သည့်နည်းတူထာဝရဘုရား၏လူစု သည်လည်း ကိုယ်တော်ကိုစွန့်ပစ်ကြလေ ပြီ။ ထိုအပြစ်အတွက်ဣသရေလအမျိုး သားတို့သည်ဒဏ်စီရင်ခြင်းကိုခံရမည်။ သို့သော်လည်းနောက်ဆုံး၌ဘုရားသခင် ၏တည်မြဲသောကျေးဇူးကရုဏာတော် သည်အောင်မြင်မှုရ၍ ထိုနိုင်ငံကိုမိမိ ထံပြန်လည်ခေါ်ဆောင်၍မိတ်သဟာယ ဖွဲ့စေတော်မူမည်။ ထိုမေတ္တာတော်ကို``အို ဣသရေလ၊ ငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း၊ ငါသည်သင့်ကိုမည် သို့ပစ်ထားနိုင်မည်နည်း၊ သင်တို့အပေါ် ၌ငါ့မေတ္တာကရုဏာသည်ကြီးမားလှ သောကြောင့် ငါ၏စိတ်နှလုံးသည်ထိုသို့ မပြုရက်နိုင်၊'' (၁၁:၈) ဟူသောကရုဏာ စကားများအရထင်ရှားပေသည်။
အကြောင်းကြီးများ
ဟောရှေ၏မိသားစုနှင့်အိမ်ထောင်ရေး ၁:၁-၃:၅
ဣသရေလအမျိုးသားတို့အတွက်သတိပေး စကားများ ၄:၁-၁၃:၁၆
နောင်တတရားနှင့်ကတိတော်ဆိုင်ရာမိန့်မှာ ချက်များ ၁၄:၁-၉
1
1 ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။✡ ၄ရာ၊ ၁၄:၂၃-၁၅:၇၊ ၁၅:၃၂-၁၆:၂၀၊ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၆:၁-၂၇:၈၊ ၂၈:၁-၃၂:၃၃။
ဟောရှေ၏ဇနီးနှင့်သားသမီးများ
2 ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။- 3 သို့ဖြစ်၍ဟောရှေသည်ဒိဗလိမ်၏သမီး ဂေါမာဆိုသူနှင့်အိမ်ထောင်ပြုလေသည်။ သူတို့တွင်သားဦးတစ်ယောက်ကိုဖွား မြင်ပြီးနောက်၊- 4 ထာဝရဘုရားကဟောရှေအား``သင်၏သား ကို`ယေဇရေလ' ဟုနာမည်မှည့်လော့၊ အဘယ် ကြောင့်ဆိုသော်ဣသရေလဘုရင်၏ဘိုးတော် ယေဟုသည် ယေဇရေလမြို့တွင်သတ်ဖြတ် လုပ်ကြံခဲ့သည့်လူသတ်မှုများအတွက် ငါ သည်ဣသရေလဘုရင်ကိုဒဏ်ခတ်မည်။ ယေဟုမင်းဆက်ကိုတိမ်ကောစေမည်။-✡ ၄ရာ၊ ၁၀:၁၁။ 5 ထိုအချိန်ကျရောက်လျှင်ငါသည်ယေဇရေလ ချိုင့်ဝှမ်းတွင် ဣသရေလနိုင်ငံ၏အာဏာစက် ကိုပျက်သုဉ်းစေမည်'' ဟုမိန့်တော်မူသည်။
6 ဂေါမာတွင်ဒုတိယကလေးတစ်ယောက်ဖွား မြင်လေ၏။ ထိုကလေးသည်သမီးမိန်းကလေး ဖြစ်သည်။ ထိုအခါထာဝရဘုရားကဟောရှေ အား``ငါသည်ဣသရေလပြည်သားတို့ကို နောင်အခါတွင် သနားကြင်နာ၍အပြစ် လွှတ်မည်မဟုတ်သောကြောင့်ထိုသမီး ကို`မေတ္တာမဲ့' ဟုနာမည်မှည့်လော့။- 7 ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။
8 ဂေါမာသည်သမီးကိုနို့ခွဲပြီးသောအခါ ပဋိသန္ဓေစွဲ၍သားတစ်ယောက်ကိုဖွားမြင် ၏။- 9 ထိုအခါထာဝရဘုရားကဟောရှေ အား``ဣသရေလပြည်သားတို့သည်ငါ ၏လူစုမဟုတ်၊ ငါသည်လည်းသူတို့၏ ဘုရားသခင်မဟုတ်သောကြောင့်ထိုသား ကို`ငါ့လူမျိုးမဟုတ်' ဟုနာမည်မှည့်လော့'' ဟုမိန့်တော်မူ၏။
ဣသရေလနိုင်ငံတစ်ဖန်ကြီးပွားတိုးတက်လာမည်
10 ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-✡ ရော၊ ၉:၂၆။ 11 ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။