ဋ္ဌမ္မရာဇဝင်စတုတ္ထစောင်
နိဒါန်း
ဣသရေလနိုင်ငံနှစ်နိုင်ငံတို့၏သမိုင်းကိုဋ္ဌမ္မ ရာဇဝင်တတိယစောင်တွင်တင်ပြခဲ့ရာမှ ဋ္ဌမ္မ ရာဇဝင်စတုတ္ထစောင်တွင်ဆက်၍တင်ပြခြင်း ဖြစ်သည်။ ဤကျမ်းစောင်ကိုနှစ်ပိုင်းခွဲ၍လေ့လာ နိုင်ပါသည်။ (၁) ခ၊သ၊ရှေ့ ၉ ရာစုအလယ်မှ ခ၊သ၊ရှေ့ ၇၂၁ ခုနှစ်၌ရှမာရိမြို့ကျဆုံးချိန် နှင့်မြောက်ပိုင်းနိုင်ငံပျက်ပြုန်းချိန်အထိနှစ် နိုင်ငံတို့၏သမိုင်း။ (၂) ဣသရေလနိုင်ငံပျက် ပြုန်းချိန်မှဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ မင်းသည် ယေရုရှလင်မြို့ကိုခ၊သ၊ ရှေ့ ၅၈၆ ခုနှစ် ၌ဖျက်ဆီးသည့်အချိန်အထိယုဒနိုင်ငံ၏ သမိုင်း။ ယုဒနိုင်ငံသည်ဗာဗုလုန်နိုင်ငံ၏ လက်အောက်ခံဖြစ်လာပြီးလျှင် ဂေဒလိသည် ယုဒဘုရင်ခံအဖြစ်အုပ်စိုးကြောင်းနှင့် ဗာဗုလုန်မြို့တွင်ယုဒဘုရင်ယေခေါနိသည် အကျဉ်းထောင်မှလွတ်လာကြောင်းဖော်ပြ လျက် ဤကျမ်းစောင်ကိုအဆုံးသတ်လေသည်။
ဣသရေလနိုင်ငံနှင့်ယုဒနိုင်ငံတို့ဤဘေး များကိုတွေ့ကြုံရခြင်းမှာ ဘုရင်များနှင့်ပြည် သူတို့သည်သစ္စာဖောက်ကြသောကြောင့်ဖြစ် သည်။ ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်ယုဒ ပြည်သူများစွာတို့ကိုတိုင်းတစ်ပါးသို့ဖမ်း ဆီးခေါ်ဆောင်သွားခြင်းအတွေ့အကြုံသည် ဣသရေလလူမျိုး၏သမိုင်းတွင်မမေ့ ပျောက်နိုင်သောမှတ်တိုင်ဖြစ်ပေသည်။
ဤကျမ်းစောင်တွင် ထင်ရှားသောပရောဖက် မှာဧလိယ၏အရိုက်အရာကိုဆက်ခံသူ ဧလိရှဲဖြစ်သည်။
အကြောင်းအရာအကျဉ်းချုပ်
နိုင်ငံတော်နှစ်ပိုင်းကွဲသွားခြင်း ၁:၁-၁၇:၄၁
က။ ပရောဖက်ဧလိရှဲ ၁:၁-၈:၁၅
ခ။ ယုဒဘုရင်များနှင့်ဣသရေလဘုရင်များ ၈:၁၆-၁၇:၄
ဂ။ ရှမာရိမြို့ကျဆုံးခြင်း ၁၇:၅-၄၁
ယုဒနိုင်ငံ ၁၈:၁-၂၅:၃၀
က။ ဟေဇကိမှယောရှိ ၁၈:၁-၂၁:၂၆
ခ။ ယောရှိ၏နန်းသက် ၂၂:၁-၂၂:၃၀
ဂ။ နောက်ဆုံးယုဒဘုရင်များ ၂၃:၃၁-၂၄:၂၀
ဃ။ ယေရုရှလင်မြို့ကျဆုံးခြင်း ၂၅:၁-၃၀
1
ဧလိယနှင့်အာခဇိမင်း
1 ဣသရေလဘုရင်အာဟပ်ကွယ်လွန်သောအခါ မောဘပြည်သည်ဣသရေလပြည်ကိုပုန်ကန် လေသည်။
2 ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။- 3 သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။- 4 မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။
ဧလိယသည်ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းပြုသဖြင့်၊- 5 သံတမန်တို့သည်မင်းကြီးထံသို့ပြန်ကြ၏။ မင်းကြီးက``အဘယ်ကြောင့်သင်တို့ပြန်လာ ကြသနည်း'' ဟုမေးတော်မူ၏။
6 ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။
7 မင်းကြီးက``ထိုသူ၏ပုံပန်းသဏ္ဌာန်ကား အဘယ်သို့နည်း'' ဟုမေးတော်မူ၏။
8 ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။✡ မ၊ ၃:၄။ မာ၊ ၁:၆။
9 ထိုနောက်မင်းကြီးသည်တပ်မှူးတစ်ယောက်ကို လူငါးဆယ်တပ်နှင့်အတူဧလိယထံသို့ စေလွှတ်တော်မူ၏။ တပ်မှူးသည်တောင်ကုန်း တစ်ခုပေါ်တွင်ဧလိယထိုင်နေသည်ကိုတွေ့ မြင်သဖြင့် သူ့အား``ဘုရားသခင်၏အစေခံ၊ ဆင်းခဲ့လော့။ ဘုရင်အမိန့်တော်ရှိသည်'' ဟု ဆို၏။
10 ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်မီးကျလာသဖြင့် တပ်မှူး နှင့်သူ၏တပ်သားတို့သည်ကျွမ်းလောင်လေ ၏။ ✡ လု၊ ၉:၅၄။
11 မင်းကြီးသည်အခြားတပ်မှူးတစ်ယောက်နှင့် လူငါးဆယ်တပ်ကိုစေလွှတ်ပြန်၏။ သူတို့ သည်ဧလိယထံသို့သွား၍``ဘုရားသခင် ၏အစေခံ၊ အမြန်ဆင်းခဲ့လော့။ ဘုရင် အမိန့်တော်ရှိသည်'' ဟုဆို၏။
12 ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်ကောင်းကင်မှမီးကျ သဖြင့် တပ်မှူးနှင့်တပ်သားတို့သည်ကျွမ်း လောင်လေ၏။
13 မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။- 14 အခြားတပ်မှူးနှစ်ယောက်နှင့်သူတို့၏တပ် သားများသည် ကောင်းကင်မှမီးကျ၍သေ ရကြပါ၏။ သို့ရာတွင်အကျွန်ုပ်ကိုသနား တော်မူပါ'' ဟုတောင်းပန်၏။
15 ထာဝရဘုရား၏ကောင်းကင်တမန်ကဧလိယ အား``မကြောက်နှင့်။ ထိုသူနှင့်အတူလိုက်သွား လော့'' ဟုဆိုသဖြင့် ဧလိယသည်မင်းကြီးထံ သို့တပ်မှူးနှင့်အတူလိုက်သွားပြီးလျှင်၊- 16 ``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
17 ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
18 အာခဇိမင်း၏အခြားလုပ်ဆောင်ချက်ရှိ သမျှတို့ကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။